Eric Godlow
Conversation With Moon
Pre Chorus
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းတွေး။
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းရေး။
ဒီလကို တချက် တချက်
ငါ မင်းအကြောင်းမေး။
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းဆွေး။

Verse
မင်းအကြောင်းလေး စိတ်လိုလက်ရ
ကဗျာဖွဲ့မယ်။ ကမ္ဘာထဲဝယ် ခန္ဓာတခြမ်းကို
ရှာခဲ့တဲ့ ဒီလူသားတယောက်ရဲ့မကြီးတဲ့
ဆန္ဒ..တခုက အချစ်။ အဲ့တာ နင် သိတဲ့
အမှန်တရား။

မင်းအကြည့်၊ မင်းအပြုံးနဲ့ မင်းရဲ့ အလှ
နိူင်းယှဉ်ရင် ဒီကမ္ဘာမြေမှာ လင်းတဲ့"လ"
မှိန်သွားလိမ့်မယ်။ ဒီ့ထက်ပို မယှဉ်ပြနိုင်။
ဘာပဲပြောပြော မင်းက ငါ့ဘုရင်မ Right

လရောင် ဆမ်းတဲ့ ညချမ်းမှာ မင်းမျက်နှာ
မြင်ယောင်ရင်း ညည်းဆိုသမျှ
သီချင်းဖြစ်သွား။ အလျင်းသင့်သမျှ
ကြယ်လေးတွေနဲ့ စကားတွေပြောမယ်။
ဒီစကားတွေ.. ချစ်သူလေး
မင်း ကြားစေတော့ကွယ်။
Chorus
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းတွေး။
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းရေး။
ဒီလကို တချက် တချက်
ငါ မင်းအကြောင်းမေး။
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းဆွေး။
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းတွေး။
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းရေး။
ဒီလကို တချက် တချက်
ငါ မင်းအကြောင်းမေး။
ဒီလရောင်ရဲ့အောက်မှာ
ငါ မင်းအကြောင်းဆွေး။