kent
We don’t fight each other
Rap 1 :
ငါတို့လမ်းချင်းတူခဲ့လို့ သွားရင်း
လူချင်းတွေ့တယ်
အခုသီချင်းရေးတဲ့နာမည်က
ပေါင်းကူးတံတား
ထောင်ချောက်တွေထဲမှာ
တယောက်နဲ့တယောက်
စောက်ကျင့်ယုတ်နေကြတာထက်
လှပတဲ့အိမ်မက်တွေဖြစ်လာတာ ပိုမကောင်းဘူးလား
ဆိုတာ မင်းတွေးကြည့်ပါ
ပန်းတိုင်ကအဝေးကြီးလား
ဒါမှမဟုတ် သေချာတာတခုက
ဆက်သွားရင်းသွားရင်းနဲ့ပဲ နီးနီးလာ
အခက်အခဲ အတားအဆီးတွေ ကြုံလာတိုင်း
ဖြေရှင်းဖို့ လက်ထဲမှာ Microphone ကလွဲပြီး
ဘာဆိုဘာမှတော့ မရှိသည့်အခါ
လူတယောက်မှာ Skill ဘလောက်ကြမ်းတယ်တွေ ဂွမ်းတယ်တွေ ငြင်းနေဖို့ထက်လည်း
အရေးကြီးဆုံးကစိတ်ဓာတ်ပေါ်မှာမူတည်တဲ့အတွက်
ရေမြေသဘာဝ ကြီးပြင်းတဲ့ပုံစံခြင်း
ကွဲပြားရင်တောင်မှ
Hip Hop ကိုချစ်တဲ့စိတ်တော့
ငါတို့မှာ တူညီတဲ့အတွက်
Cho :
ငါတို့ကြားမှာ ရန်သူမှားနေသ၍
တယောက်နဲ့တယောက် စောက်ပြစ်တွေပြောပြီးတော့
နားမလည်ပေး
ဘယ်သူမှမရှိ ငါ့ရဲ့ဘေး
Day 1 သီချင်းတွေ စတဲ့နေ့
အခုတော့ ဘော်ဒါတွေများခဲ့
Yeah we fly like an eagle
Yeah we bite like a croc
ဒဏ်ရာများနဲ့ငါတို့
But we don't fight each other
ရန်သူ မှားလို့မဖြစ်
So keep it up
What you think ?
Did you think that we lose
ရှုံးနိမ့်ခဲ့တာ အားလုံး မမေ့ဘူး
( မမေ့ဘူး )
Rap 2 :
ငယ်ငယ်ကပျော်စရာတွေများတယ်
ငွေမရှိလည်း ဘော်ဒါတွေ အားမငယ်
2008/2009 Punk နဲ့ Rocker တွေကြားထဲ
Era ဆောင်းပြီး ဆံပင်ကို Alter တွေထားခဲ့
Underground show ကို လက်ကမ်းစာစောင်နဲ့ ကြော်ငြာနေကြတဲ့
ငါ့တို့ဘော်ဒါတွေအသက်ကြီးတော့
ပျော်ရာနေမရခဲ့ လို့ တော်ရာနေရတဲ့ အခါ
ပျော်စရာတွေရှားခဲ့
ပင်လယ်ရေမျက်နှာပြင်အထက်က
တောင်တွေပေါ်မှာ Freestyle Rap တွေအော်ကာ ပျော်ကာနေခဲ့ကြတဲ့ အချိန်တွေ
မျက်စိရှေ့ ပေါ်လာနေသလား အမြဲ
Rum တပတ်နဲ့ ဆော်ဒါ မွှေထားတဲ့
ဖန်ခွက်ကို ကောက်မော့
အကြိမ်ကြိမ်အခါခါ ကျွန်တော်ဟာ သေသွားခဲ့
ပြာပုံထဲကနေနိုးထမယ့် မန္တလေးမြို့လို့
ကျွန်တော်ဟာနေသွားမယ်
အဝေးရောက်နေတဲ့ဘော်ဒါတွေအား
ဒီမြို့က ဘော်ဒါတွေက အမြဲ စောင့်မျှော်နေဆဲ
Cho :
Yeah we fly like an eagle
Yeah we bite like a croc
ဒဏ်ရာများနဲ့ငါတို့
But we don’t fight each other
ရန်သူ မှားလို့မဖြစ်
So keep it up
What you think ?
Did you think that we lose
ရှုံးနိမ့်ခဲ့တာ အားလုံး မမေ့ဘူး
( စောင့်မျှော်နေဆဲ )
Rap 3 :
Galaxy ထဲမှာ တွေ့ဝှေ့
လှပငေးမောရသောကြယ်များ
ဖြစ်တည်မှုတိုင်းဟာသစ်လွင်လန်းဆန်း
တလက်လက်တောကိလို့ ချယ်သ
တချို့တွေစီးဝင်ပျောက်ကွယ်
ဘယ်လမ်းမှာလွဲခဲ့လဲမသိ
All my homies keep it up
ပစ္စပ္ပန်တည့်တည့်ပဲကြည့်မယ်
ဒီ rap တွေကငါတို့တွေဖြစ်လာစေခဲ့လို့
ဒီrap တွေကြောင့်ပဲ အချင်းချင်းမေတ္တာတွေမနည်း
ဒီrapတွေက ငါတို့ကိုယ်တိုင်ပဲမို့
ယုံကြည်တယ် ဒီrap တွေနဲ့ပဲ
မဆုံးသော ရက်နှစ်သက္ကရာဇ်တွေအတွက်
အမွှေးဆုံးပန်းတွေပွင့်လာစေမယ်လို့
Go make an action make no excuses
East blue ကနေ new world ထိရောက်ဖို့
စုစည်းစို့ အားလုံးcrew အဖြစ်
ကောင်းကင်ပြိုပါစေ ခေါင်မိုးကမိုးရေယိုပါစေ
Rapတွေကိုသာရေးနေသရွေ့တော့
ငါတို့မှာငိုစရာမတွေ့
Cho :
ငါတို့ကြားမှာ ရန်သူမှားနေသ၍
တယောက်နဲ့တယောက် စောက်ပြစ်တွေပြောပြီးတော့
နားမလည်ပေး
ဘယ်သူမှမရှိ ငါ့ရဲ့ဘေး
Day 1 သီချင်းတွေ စတဲ့နေ့
အခုတော့ ဘော်ဒါတွေများခဲ့
Yeah wе fly like an eagle
Yеah we bite like a croc
ဒဏ်ရာများနဲ့ငါတို့
But we don't fight each other
ရန်သူ မှားလို့မဖြစ်
So keep it up
What you think ?
Did you think that we lose
ရှုံးနိမ့်ခဲ့တာ အားလုံး မမေ့ဘူး
Rap 4 :
ပိတ်လှောင်မှုတွေ အားလုံးဖွင့် သီချင်းထဲခဏ ထုတ်အန်ရင်း
စိတ်ဓာတ်မကျ ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ ရှေ့ကို တည့်တန်းသွား
သံသယဖြစ်စရာတော့မဟုတ်ဘူး ဘယ်လမ်းက
လွတ်လပ်စေခဲ့လဲ?
တကယ်တမ်းကျတော့ hip hop အတွက်
ငါလိုကောင်က စိတ်ရှည်ဆဲတဲ့
အဆုံးထိမိုက်မယ် ကျိန်းသေပဲသွားနေရမယ်
အဲ့လိုပဲလေ လှိမ့်နေခဲ့ ခရီးမှာ
သက်လုံအပြည့် အခုထိ ရူးမိဆဲ
မင်းဘယ်မှာရှိလဲ ဆိုတာထက် မင်း ဘယ်ကိုကူးခတ်၊မင်းဘယ်ကိုဦးတည်မလဲ
နေ့သစ်များစွာ ရှာဖွေရင်း မရပ်တန့်ချင်
အတွေးတွေ ကန့်လန့်မဝင်
လက်သီးပင့် ပြန်ပြီး လက်မဖြန့်ချင်
ခုလို ရှင်သန်ချိန်
ငါခေါင်းကိုမော့ကြည့်မိတိုင်း ..ကောင်းကင်ပေါ်က 'အတိတ်’တွေလို ထင်ကျန်လိမ့်မယ်
Cho :
ငါတို့ကြားမှာ ရန်သူမှားနေသ၍
တယောက်နဲ့တယောက် စောက်ပြစ်တွေပြောပြီးတော့
နားမလည်ပေး
ဘယ်သူမှမရှိ ငါ့ရဲ့ဘေး
Day 1 သီချင်းတွေ စတဲ့နေ့
အခုတော့ ဘော်ဒါတွေများခဲ့
Yeah we fly like an eagle
Yeah we bite like a croc
ဒဏ်ရာများနဲ့ငါတို့
But we don't fight each other
ရန်သူ မှားလို့မဖြစ်
So keep it up
What you think ?
Did you think that we lose
ရှုံးနိမ့်ခဲ့တာ အားလုံး မမေ့ဘူး