Bigg-Y of On Track
Bar (50)
Zawgyi Format
"ဘာလို့လဲ အကို"
Composer - Ye Lynn Aung
© Fuck HipHop™
Unicode Format
တစ်ချက်လောက် ပြန်ပြီး တွေးကြည့်ပါဦး
ဘေးနားက လူတွေခေါ် လိုအပ်ချက်တွေ မေးကြည့်ပါဦး
ဘဝ ပြည့်စုံဖို့ သာယာဖို့ ချွေးစီးကျ ရုန်းလို့
ရခဲ့သမျှ ပိုက်ဆံများ အရေးကြီးတာ သုံးဖို့
စိတ်ပူစရာတွေကို ယူမလာပါနဲ့
အိမ်မှာ တစ်လစာဝင်ငွေတွေကကော ဘယ်သူရှာတာလဲ
မင်းမဟုတ်သေးသရွေ့တော့ စောက်ပါးစပ်ကို ပိတ်
အိမ်နဲ့ကွိုင်တွေတက် မနေချင်တော့ အောက်ထပ်ကိုလိမ့်
ဘေးနားမှာရှိတဲ့ သူငယ်ချင်းများ သေတဲ့အထိ ရှိမှာလား
ဒုက္ခရောက်ချိန်အနားကပျောက် အဲ့တာတွေ သတိသာထား
ငါကတော့ သူ့လိုမဟုတ်ပါ သူကတော့ ငါ့လို မဟုတ်ပါ
လူ့သဘာဝအတိုင်းပဲပေါ့ လုပ်ချင်တာ လုပ်ကြ
မင်းသိတဲ့ လူတွေနဲ့ မင်းနေထိုင်တဲ့ မင်းဘဝ
မင်းကြိုက်တဲ့ အဝတ်အစားတွေနဲ့ Hip-Hop သီချင်းက
ဘယ်လောက်ထိခံမှာလဲ ဘယ်လောက်ထိတန်မှာလဲပြော
လျှောက်ပြီးရန်ရှာ ရင်တော့ နောက်စိမှန်ကာကွဲရော
အဲဒီတော့ သီချင်းဆိုရင်း လူမိုက် မလုပ်နဲ့
မင်းမိုက်တဲ့ သီချင်းထက် ဖျက်ဆိုရင်တော့ ဘုတ်ပဲ
ရပ်ကွက်ထဲ လမ်းမပေါ်တက် ရုပ်တည်နဲ့ မုန့်ဆွဲ
မကြာပါဘူး မကြာပါဘူး ကြွက်တွေ ကုပ်မယ်
ဟုတ်တယ် အဲဒီတော့ မဟုတ်တာတွေ မလုပ်နဲ့
မဟုတ်တာလုပ်တဲ့ကောင်တွေ ရောက်ကုန်ကြပြီ အချုပ်ထဲ
မှုတ်ဆေးဗူးတွေဝယ် ကျောပိုးအိတ်နဲ့ ထုပ်ခဲ့
ပြီးရင် ရန်ကုန်မြို့ထဲပတ် နံရံတွေပေါ် အရုပ်ဆွဲ
ငါက နေ့စဉ်နဲ့အမျှ Rapper လို နေထိုင်
ကိုယ့်ကိုယ်ကို ညာနေတဲ့ မင်းလိုကောင်က အခြေမခိုင်
ေ_ာက် foul လေး မတောက်တခေါက် ထုတတ်ရုံ လာမယှဉ်နဲ့
Bigg-Yတို့ ဘာကောင်တွေလဲ Rapper အားလုံး အမြင်ပဲ
မင်းဘာဖြစ်ချင်လဲ ဆယ်တန်းဖြေမှာလား
ဒါမှမဟုတ် အရင်သီချင်းတွေလုပ် Sample ဝေမှာလား
သေချာတာကဘဝအတွက် လုံလောက်အောင်ငွေရှာထား
ပြီးမှ အဲ့ဒီငွေတွေ မသုံးလိုက်ရပဲ အစောကြီး သေရွာသွား
အဲ့ဒါ Bigg-Y ရဲ့ ဒဿန လှိုင်ရဲ့ Rap ဘဝ
ငါတို့ကျက်သရေအရှိဆုံး မိုက်ကရိုဖုန်း ကိုင်ခဲ့လက်မချ
P1 အောင်မြင်မှုရရုံလာက်နဲ့ အောက်က ဝင်မပေါင်းချင်
Hip-Hop ကောင်းကင်ပေါ်က Underground ဘုရင်
မင်းလောက်တော့ ငါလည်း Rap ကို ရွတ်တတ်တယ်
ကာရန်တွေ သီးသန့်သုံးပြီးတော့ မင်းအရှက်ကို ချွတ်တက်တယ်
အသက်ကို ပွတ်သတ်မယ့် Rap မပြတ်ကို လွှတ်ထွက်ခဲ့
ဆက်လို့ ကျွတ်ထွက်မယ့် မင်းအတွက် ပိုစွတ်ဆက်ဖြဲ
အဲလောက်ဆို တော်ပြီလား ပရိသတ်ကော ပျော်ပြီလား
ငါတို့မှာ စော်အတည်များချိန် မင်းက ဂေါ်ဖီစား
အချဉ်မို့ လျှော်ပြီးသွား အချဉ်လို့ ပြောပြီးသား
ဂွင်ကိုကျော်ပြီးစား ရင်တော့ _င်ကိုခေါ်ပြီးချ
မင်း သိသင့်သလောက်တော့သိမှာပါ ငါတို့အကြောင်း
Rap လောကမှာက ပြဿနာ ရှာလို့မကောင်း
မင်းအကြောင်းကို လူတိုင်းသိအောင် ေ_ာက်ပိုသိပ်မပြောနဲ့
အတွင်းစိတ်မှာ အကောက်ကြံမယ့် အခြောက်လိုစိတ်သဘောနဲ့
မင်းအလှည့်ရောက်မယ် မလောနဲ့ စိတ်လည်း မစောနဲ့
အနောက်ပိုင်းသဘောနဲ့ ကပ္ပလီစာသား ရောထည့်
တကယ်မိုက်တဲ့ Rapper တွေ ငါးဆယ်ကျော် ပေါတဲ့
ရန်ကုန်မှာ နေတဲ့ Bigg-Y ဘား၅၀ ကျော် ပြောခဲ့
"လျှက်ဆား ရောင်းပါလား ဟေ့ရောင်"
"ဘာလို့လဲ အကို"
"မင်း rhyme တွေ ဂျွတ်လို့ပါ မင်း rhyme တွေ ဂျွတ်လို့ပါ"
© Fuck HipHop™
Lyrics Upload by Secret Code