Bigg-Y of On Track
အသက်မဲ့တဲ့ ညများ (A Thet Mae' Nya Myrr)
Zawgyi Format

[Verse 1]
မြို့ပြရဲ့ ဂုဏ်ပုဒ် ငါ့အတွက်တော့မဆန်းပါ
Night out ရဲ့ ဝဲဂယက်

[Chorus]
တစ်ရက်တစ်ခါ ငါ့အနား
ကပ်လျက် ပါ အလှတရား
အသက်မဲ့တဲ့ ညများ

[Verse 2]

[Chorus]
တစ်ရက်တစ်ခါ ငါ့အနား
ကပ်လျက် ပါ အလှတရား
အသက်မဲ့တဲ့ ညများ

[Verse 3]
ထားလိုက်လေ နေပါစပေါ့ မမှုဘူး

[Chorus]
တစ်ရက်တစ်ခါ ငါ့အနား
ကပ်လျက် ပါ အလှတရား
အသက်မဲ့တဲ့ ညများ

Uploader - Ye Yink Thu
© Fuck HipHop™

Unicode Format

[Verse 1]
နေဝင်ပြီးတဲ့နောက်မှာ တိတ်ဆိတ်စွာနဲ့
ခြောက်ကပ်ခဲ့ လမ်းတွေက အိပ်လာခဲ့
ဖြတ်လာရင်း စီးကရက်တစ်လိပ် ဖွာခဲ့
လမ်းတလျှောက်မီးတိုင်တချို့ လိပ်ပြာမဲ့
ချာတိတ်မလေးတွေ တစ်ယောက်နှစ်ယောက်တွေ့
အမှောင်ရိပ်က သူတို့ကို အစောင့်အရှောက်ပေး
ကားပိုင်ရှင်တချို့လာ ဖောက်သောက်သွေးစုပ်
အတွေးထဲကထုတ်ဖယ် နောက်တစ်ခေါက်မေ့
မြို့ပြရဲ့ ဂုဏ်ပုဒ် ငါ့အတွက်မဆန်းပါ
မဆန်းတာ ငါ့အတွက် သူတို့အတွက်က ဝမ်းစာ
ဝမ်းစာက ကားပိုင်ရှင် ချမ်းသာမှု တစ်ခန်းစာ
တစ်ခန်းစာ တစ်ညတာအနေအထားတွေ အရမ်းကွာ
တန်းဖိုးဖြတ်နှုတ်ခမ်းပါးနဲ့ထိစပ်မယ့် အနမ်းများအတွက်
ယတိပြတ်ခန်းနားစွာရှိတတ်မယ့် အတန်းအစားတဝက်
အကြည့်တစ်ချက်နဲ့ ဖမ်းစားလျက်
သိရက်နဲ့စခန်းသွားလျှက် မီးပျက်တဲ့ လမ်းမထက်
ဖြည့်စည်းမှု အပြန်အလှန်ရှိနေတဲ့ အလဲအထပ်
မဆိုင်သူငါ ကြာရှည်ထိုင် အကဲမခတ်
Night out ရဲ့ ဝဲဂယက်
အထိုက်အလျောက်နဲ့အတွဲဖက်က
ပိုက်ကောက်နဲ့ခဲပတ်လို
လိုက်လောက်တယ်ပဲ မှတ်လိုက်
ဆိုက်ရောက်မယ့် ငရဲအတွက်
လိုက်မလျှောက်နဲ့လှည့်ထွက်
အချိန်တန် လူတိုင်းတခါတလေတော့ အထီးကျန်
ထိန်းချုပ်လိုက်ခေါင်းပိုင်း က အသိဉာဏ်နဲ့
ငြိမ်းမှုတ်လိုက် ဖယောင်းတိုင် မီးလျံ
တိန်းညွှတ်တဲ့ အကြောင်းမှန်တွေ မရှိရန်

[Chorus]
ငါတစ်ယောက်နဲ့ ဓာတ်မတည့်တဲ့ ဘဝများ
တဖက်လှည့်လို့ ထွက်ခဲ့တာကများ
ခပ်ရွဲ့ရွဲ့ ဖြစ်ခဲ့တာကများ
မရပ်ခဲ့ပါ မနက်ရဲ့ အလာ ခစား
တစ်ရက်တစ်ခါ ငါ့အနား
ကပ်လျက် ပါ အလှတရား
ရှာဖွေရင်တွေ့နိုင်ပါသေးတယ်
အသက်မဲ့တဲ့ ညများ

[Verse 2]
လက်တွေ့နဲ့နီးစပ်ဖို့ညဘက်မှာ ဆက်ရွေ့တဲ့ ခရီးတဝက်
ထပ်တွေ့ခဲ့ အနီးကပ် အဌားယာဉ်တွေ ချည်းကပ်တဲ့
အပေါက်ဝ ကလပ်ရှေ့က ပျံ့လွင့်တဲ့ စီးချက်
အခန့်သင့်လိုက် ဖီးလ်တက်
အသန့်ဝတ်တဲ့ သူဌေးသား သူဌေးသမီးတွေ အသက်မပြည့်တာသိရက်နဲ့
အကွက်ရွှေ့ ကာ ဆီးဖက်တဲ့
ဧည့်ကြိုရဲ့ တစ်သက်မမေ့စရာ အကြည့်တချက်
အနက်အဓိပ္ပာယ်မရှိလျက် အရှက်မဲ့ကာအသိမကပ်
ညမိုက်ကို အုပ်စိုး တဲ့ မိစ္ဆာ
ဓါးပြတိုက်သလို ရုပ်မျိုးနဲ့စိတ်က
ဘုရားမကြိုက်သလို အလုပ်မျိုးရဲ့ အရိပ်အကာနဲ့
ဘဝလိုက်ကို ဂုတ်ချိုးခဲ့ သိပ်မကြာ
ရထိုက်သလို ထုတ်ပိုးခဲ့ အတိတ်ကကံပါတဲ့
ဝဖိုင့်လို့ ပုပ်သိုးမယ့် အနိစ္စခန္ဓာ
ရောက်ရှိမယ့် တမလွန် နမိတ်ပြအဖန်တရာ
ပွားများလို့ အမြစ်တွယ်ခဲ့ အတိသရဆန်စွာ
ဒီအဆင့်ကိုရောက်လို့ မင်းဘဝ မင်းဆန္ဒပြည့်ပြီလား
နင်းဖြတ်တဲ့မင်းရဲ့လောကဓံ မိသားစု
တာဝန်ကျေပွန်အောင် ရှေ့တည်ထား
မင်းမွေးသမျှသားသမီး အားလုံး ဗိုက်မပြည့်ပဲ
အိပ်ယာဝင်ရတဲ့ နေ့ရှိလား
တရားသဘောနဲ့သာ တွေးကြည့်ပါ
အသက်မွေးမြူခြင်းကြောင့်အကုသိုလ်ဖြစ်မဖြစ်
နောင်ဘဝထိ ပြေးကြည့်မလား
လူထဲက လူတယောက် ဒါပေမယ့်
မင်းတို့တွေလျှောက်တဲ့လမ်းမှာတော့ အတူမလျောက်
အမဲရောင်ပိတ်စပေါ်ကျတဲ့ အဖြူတစ်ပေါက်
ငတ်သေလဲ သေကွာ အူခေါက်ပါစေ
မင်းကမ်းမယ့် မိုးခါးရေ ငါ့လက်နဲ့ ယူမသောက်
သံမဏိလိုမာပေမယ့် အပူမလျှောက်
ငါသည်ကား လောင်ကျွမ်းလည်း အပူမကြောက်
ဘယ်လောက်ပင် အရခက်လဲ မယူဆောင်
နောက်ဘဝထိ ဘဝပျက်သာခံမယ့် လူတစ်ယောက်

[Chorus]
ငါတစ်ယောက်နဲ့ ဓာတ်မတည့်တဲ့ ဘဝများ
တဖက်လှည့်လို့ ထွက်ခဲ့တာကများ
ခပ်ရွဲ့ရွဲ့ ဖြစ်ခဲ့တာကများ
မရပ်ခဲ့ပါ မနက်ရဲ့ အလာ ခစား
တစ်ရက်တစ်ခါ ငါ့အနား
ကပ်လျက် ပါ အလှတရား
ရှာဖွေရင်တွေ့နိုင်ပါသေးတယ်
အသက်မဲ့တဲ့ ညများ

[Verse 3]
အနံ့အသက်တွေကြားက လူတစ်စု
သန့်ပြန့်နေရမှာက လူမှု
ကန့်လန့်အနေအထားက အယူတစ်ခုက
ဝမ်းကျောင်းတဲ့အလုပ်နဲ့အခြေအနေတော့မတူဘူး
အထွေထွေသဘောတခုမို့ အထူးတလည်
ဘဝအတွက် အဖြေတွေရောမယူဘူး
ရွှေ ငွေမပေါသူတစ်စုအတွက်
အလှအပတရားတွေဟာ ပကာသနပဲ
ထားလိုက်လေ နေပါစေပေါ့ မမှုဘူး
လူအများစုအကြိုက်ကို လိုက်ဖို့မလိုက်ဖို့
လူအများစုမှာရှိနေတတ်တဲ့ စရိုက်တချို့
စည်းကမ်းတွေမဲ့နေကြတယ် ကြိုက်သလို
အထက်စီးကနေလက်ကိုပိုက်လို့
လေချွန်နေ သီချင်းသံ အလိုက်ကို
ညတိုင်းရှင်းပြန်လို့မဆုံးနိုင်
မနက်ပိုင်း စိတ်ရင်းအမှန်နဲ့ ထားခဲ့ကြတဲ့
အနံ့အသက် ပြင်းထန်တဲ့အကြွင်းအကျန် အမှိုက်တချို့
လူမှုအသိုင်းအဝိုင်းက ညစဉ်တိုင်းပေးတဲ့ present
ဒီလူတွေထားတတ်တဲ့စိတ်ထား ဘယ်လောက်တောင်
အတွင်းမှာရှုပ်ထွေးမယ် အကန့်အသတ်ကို
ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းအတွေးနယ် ဖြန့်ကျက်
မနက်ပိုင်းမှာထွက်တဲ့ ချွေးရဲ့ အနံ့အသက်က
ညပိုင်းဆို အလုပ်မှာရမယ့် အနံ့ကတောင်
နှာခေါင်းထဲမှာပိုပြီးမွှေးမယ်မှန်းလျှက်
ထုတ်ဝါးမယ် ကွမ်းလေးတော့ တစ်ယာလောက်
အံတုခဲ့ လောကဓံ ကို ငါမကြောက်
လုံလောက်စွာ ပေးနိုင်တယ် ကျွေးနိုင်တယ်
ကိုယ့်ရဲ့ကိုယ်ပိုင်အားလေးနဲ့ ကြိုးစားပြီးရှာသလောက်
မကြာလောက်ပါ ချွေတာ စုဆောင်းလို့
ထိုင်စောင့်နေ အခါကောင်း
အခွင့်အရေးတချို့ တသက်မှာ တခါလောက်တော့
မျက်စိလည်ရောက် လာမယ်လာကောင်း
မရောက်လာခင် လမ်းတလျောက် တွေ့ရမယ့်
လူတွေဝိုင်းပြီးမောက်မာချင်မာမယ် အခါတစ်သောင်း

[Chorus]
ငါတစ်ယောက်နဲ့ ဓာတ်မတည့်တဲ့ ဘဝများ
တဖက်လှည့်လို့ ထွက်ခဲ့တာကများ
ခပ်ရွဲ့ရွဲ့ ဖြစ်ခဲ့တာကများ
မရပ်ခဲ့ပါ မနက်ရဲ့ အလာ ခစား
တစ်ရက်တစ်ခါ ငါ့အနား
ကပ်လျက် ပါ အလှတရား
ရှာဖွေရင်တွေ့နိုင်ပါသေးတယ်
အသက်မဲ့တဲ့ ညများ

© Fuck HipHop™
Lyrics Upload by Secret Code