လေးဖြူ (Lay Phyu)
စာမျက်နှာ တစ်ဆယ့်ငါး (Samiat Hna Taseh Nga)
[Verse 1]
အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ
တစ်ချို့နေရာက အကောင်းအတိုင်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပါယ်မရှိတာ သိပေမယ့်
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း
အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်

[Bridge]
တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေလတွေက အတော်ကြာပြီပဲ

[Chorus]
ဘယ်ဆီကို မင်းရောက်နေမလဲ
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
ငါသတိရပါတယ်
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
ငါသတိရပါတယ်
[Verse 2]
အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ
တစ်ချို့နေရာက အကောင်းအတိုင်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပါယ်မရှိတာ သိလည်းပဲ
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့
ငါအမှတ်တမဲ့မင်းကိုလွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်လွယ်ငါမေ့မရဘူးကွယ်

[Chorus]
ဘယ်ဆီကို မင်းရောက်နေမယ်
ဘာတွေကို မင်းလုပ်နေမယ်
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်
ဘာတွေကို မင်းလုပ်နေမယ်
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တစ်ခါတစ်လေ ငါသတိရပါတယ်

[Bridge]
တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေလတွေက အတော်ကြာပြီပဲ...
[Outro]
မင်းရောက်နေလဲ...
မင်းလုပ်နေမလဲ...
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့
တစ်ခါတစ်လေ ငါသတိရပါတယ်
ဟိုး...
သတိရနေတယ်...