လေးဖြူ (Lay Phyu)
လိပ်ပြာ (Lake Pia)
[အင်းသားဘာသာဖြင့် ခြေဆင်း]
ငယ်ရွယ်စဉ်ချိန် ဟိုးအဝေးက
ပြန်မြင်ယောင်တယ်
အရင်အတိတ်ဘဝ အိပ်မက်
ပုံပြင်ဆန်တဲ့ မြို့လေးထဲ
ရင်ခုန်သံတွေ သင်ကြားရင်း လျှောက်ခဲ့
နှင်းများကျနေတဲ့ လမ်းထဲ
ကလေးလေးတစ်ယောက်အပူအပင်မဲ့
အဝေးက အစိမ်းရောင် မြက်ခင်းထဲ
ကြီးပြင်းရင်းနဲ့
ဒဏ္ဍာရီလို စိတ်ကူးများပီပြင်လာမယ်
ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက
ဘယ်လိုနေမယ် ငါမသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့
စဉ်းစား လိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က
မိုးကုပ်စက်ဝိုင်းရဲ့
ဟိုးအစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
အိုး... မိုးကုပ်စက်ဝိုင်းရဲ့
ဟိုးအစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
လွင်ပြင်ကျယ် ဟိုဘက်စွန်းက
ဒဏ္ဍာရီ ပုံပြင်ထဲက
စံပျော်ရာ ဘုံဆောင်နန်းများ
ယုံကြည်စွာရှာဖွေဆဲပါ
အချိန်တွေကြာ
ခြေကုန်လက်ပန်းကျ
အိမ်ကိုပြန်မယ် ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီ ငါတစ်ယောက်တည်း
လမ်းပျောက်နေပြီ
အစိမ်းရောင်မြက်ခင်းများ
ဟိုး ... အဝေးမှာကျန်နေပြီ
ဒဏ္ဍာရီလို စိတ်ကူးများ
ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့တစ်ဖက်စွန်းက
ဘယ်လိုနေမယ် ငါမသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့
စဉ်းစား လိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က
မိုးကုပ်စက်ဝိုင်းရဲ့
ဟိုးအစွန်းတစ်ဖက်မှာဘာတွေရှိမယ်
အိုး... မိုးကုပ်စက်ဝိုင်း
ဟိုးအစွန်းတစ်ဖက်မှာ
ဘာတွေရှိမယ်
လွင်ပြင်ကျယ် ဟိုဘက်စွန်းက
ဒဏ္ဍာရီပုံပြင်ထဲက
စံပျော်ရာ ဘုံဆောင်နန်းများ
ယုံကြည်စွာ ရှာဖွေဆဲပါ
အချိန်တွေကြာ
ခြေကုန်လက်ပန်းကျ
အိမ်ကိုပြန်မယ် ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီ ငါတစ်ယောက်တည်း
အဝေးဆုံးမှာ လမ်းပျောက်နေပြီ
အစိမ်းရောင် မြက်ခင်းများ
ဟိုး ... အဝေးမှာကျန်နေပြီ
အစိမ်းရောင် မြက်ခင်းများ
ဟိုး ... အဝေးမှာကျန်နေပြီ