လေးဖြူ (Lay Phyu)
မိုးတိမ်ထဲဝဲ (Moe Tain Htae Wai)
အမည်မဖော်နိုင်တဲ့ သောကများဒီအရှိုက်ထဲထိ
မင်ကြောင်စုတ်ထိုး
အပ်နဲ့ ပေါက်သလိုစူးနစ်ပြီး
အဝတ်စုတ်တစ်ခုလို
ငါ့အတွေးတွေစွန်းပေနွမ်းခဲ့
အရိပ်တွေ တစ်ခုဆီ ငါ့ရင်ဘတ်ထဲ ထည့်ကာ
ကြယ်ရင်ပြင်ထက်
မိုးညွှန့်များငါခုန်လွှားရင်း
ဗျာပွေနေတဲ့ ငါ့ရဲ့စိတ်တွေ လွှတ်ချရင်း
ငယ်ဘဝအတိတ်တွေ လက်ထဲ ငါ
အန်ထုတ်ကာ ထားရင်း
တစ်ခုစီ တစ်ခုစီ ငါ့အိမ်မက်ထဲထည့်ကာ
ငါဟာ မိုးတိမ်တွေထဲ ဝဲ
ငါဟာ မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ
နောက်ချန်ပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်တွေထဲ ဝဲ
ငါဟာ မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ
မေ့နေပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်ထဲ ဝဲ
ကြယ်တွေလိုပဲ တငွေ့ငွေ့ကျွမ်းလောင် လှိုက်စားပြီး
စကြာဝဠာရဲ့အစွန်းဆုံးတစ်ဖက်ကို ခရီးဆက်ရင်း
အလင်းနှစ်တွေကြား ငါ မျောလွင့်သွားရင်း
ဟင်းလင်းပြင်ကြီးမှာ ရွက်လွှင့်သွားရင်း
ညဂြိုလ်ပြင်ထဲ ငါ အဝေးဆီ အဝေးဆီ မျောရင်း
မိုးတိမ်တွေထဲ ဝဲ
မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ
နောက်ချန်ပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်တွေထဲ ဝဲ
ငါဟာ မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ
နောက်ချန်ပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်ထဲ ဝဲ
အိုး...မိုးတိမ်ထဲ ဝဲ