လေးဖြူ (Lay Phyu)
အရင်လိုပါပဲ (Ayinlubarbe)
စိတ်ကူးပေါက်ရာ လျှောက်တွေးရင်း
ငါအိမ်ပြတင်းပေါက်ကို မှီထားရင်း
အပြင်ဘက် ခဏ ဟို ဒီ ငေးကြည့်တော့
လေယာဉ်များလည်း အို ပျံသန်းဆဲပါ
အရိပ်များလည်း အို ရှုပ်ထွေးဆဲ
လူပုံများလည်း ဟိုအရင်တိုင်းပဲပေါ့
ဒီကမ္ဘာမှာ ငါ့အတွက်သာ ထင်မှတ်သမျှဟာ
နောက်ဆုံးမှာ သူအလိုတိုင်းသာ
လွင့်ပယ်ပျောက်ကာသွားရင်း
ကမ္ဘာမှာ ငါ့အတွက်သာ မျှော်လင့်သမျှဟာ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ
သူအလိုတိုင်း
အို ခရီးဆက်နေဆဲပါ
အရင်လိုပါပဲ အရင်လိုပါပဲ
အလိုလို ဒီအတိုင်း ဘဝထက်မှာ
ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ သူအလိုတိုင်းသာ
လွင့်ပယ်ပျောက်ကာသွားရင်း
အရင်လိုပဲ အရင်လိုပါပဲ
အလိုလို ဒီအတိုင်း ဘဝထက်မှာ
ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ
သူအလိုတိုင်း အို ခရီးဆက်နေဆဲပါ
နေ့ခင်းဘက်မှာ နေမင်းကြီးဟာ
စိတ်ကူးတည့်ရာ ပူလောင်ကောင်းဆဲ
ငှက်များလည်းလေ ပျံသန်းဆဲပေါ့
အပေါ်မော့ကြည့်တော့ တိမ်တိုက်များလည်းလေ
ဖြူသွားလိုက် ပြာနှမ်းသွားလိုက်
ပြန်ကြည့်လိုက်တော့ အို
မှောင်မည်းသွားလိုက်
ဒီကမ္ဘာမှာ ငါ့အတွက်သာ ထင်မှတ်သမျှဟာ
နောက်ဆုံးမှာ သူအလိုတိုင်းသာ
လွင့်ပြယ်ပျောက်ကာသွားရင်း
ကမ္ဘာမှာ ငါ့အတွက်သာ မျှော်လင့်သမျှဟာ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ
သူအလိုတိုင်း
အို ခရီးဆက်နေဆဲပါ
အရင်လိုပါပဲ အရင်လိုပါပဲ
အလိုလို ဒီအတိုင်း ဘဝထက်မှာ
ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ သူအလိုတိုင်းသာ
လွင့်ပြယ်ပျောက်ကာသွားရင်း
အရင်လိုပဲ အရင်လိုပါပဲ
အလိုလို ဒီအတိုင်း ဘဝထက်မှာ
ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ
သူအလိုတိုင်း အို ခရီးဆက်နေဆဲပါ