လေးဖြူ (Lay Phyu)
မင်းမှမင်း (Min hmah Min)
ရေထဲနစ်သူမှာ ဆက်ပြီးအသက်ရှင်စရာ
လေကိုသာရှိုက်သွင်းဖို့
ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘဝ အသိစိတ်တစ်ခုလုံး
မင်းအချစ် ငတ်မွတ်နေတုန်း
အခုထက်ထိ ငါ

စားဖို့မရှိတော့လို့ ခိုးဝှက်ရသူလို
မင်းကိုလေငါချစ်ခဲ့ ထိန်းချုပ်မရဘူးကွယ်
မျက်စိကန်းတဲ့လူတစ်ယောက်
ကမ္ဘာတစ်ပတ်လမ်းလျှောက်ခိုင်းသလို
ဒုက္ခတွေရောက်

မင်း မှ မင်းပဲ
မင်း မှ မင်းပဲ
မင်း တစ်ယောက်တည်း
မင်း မှ မင်းပဲ
မင်း မှ မင်းပဲ
မင်း တစ်ယောက်တည်း မင်းပဲ

မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလိုငါ
လိုချင်တယ်တောင်းဆု ဆန္ဒပြု
မင်းကလွဲပြီးရင် အခု
ဘာမှလည်းမရချင်ဘူး မရချင်ဘူး

မင်း မှ မင်းပဲ
မင်း မှ မင်းပဲ
မင်း တစ်ယောက်တည်း
မင်း မှ မင်းပဲ
မင်း မှ မင်းပဲ
မင်း တစ်ယောက်တည်း မင်းပဲ
ဆူးတွေနဲ့လမ်းမှာလည်း
ဓါးတွေခင်းထားပေမယ့်
မင်းဆီအရောက် လျှောက်နေဆဲဟေ့

ခြေထောက် ပေါက်ပြဲသွေးတွေနဲ့
မိုးကလည်း သည်းနေခဲ့
လမ်းလျှောက်ရင်း လမ်းပျောက်ဆဲ
ငါ့တစ်ယောက်တည်း

မင်း မှ မင်းပဲ
မင်း မှ မင်းပဲ
မင်း တစ်ယောက်တည်း
မင်း မှ မင်းပဲ
မင်း မှ မင်းပဲ
မင်း တစ်ယောက်တည်း
မင်း မှ မင်းပဲ
မင်း မှ မင်းပဲ
မင်း မင်း မင်းပဲ