Uncle suns
မှန်ကိုကြည့်၍စကားပြောခြင်း (original)
[ Intro ]

ရခဲလှတဲ့လူဘဝကြီးတဲ့
(Mumbling)
သားသမီးမကောင်းမိဘခေါင်း
(Mumbling)

[Verse 1]

ရခဲလှတဲ့လူဘဝကြီးတဲ့
မရခဲ့ရင်ပိုကောင်းမယ်
သားသမီးမကောင်းမိဘခေါင်း
မိဘမကောင်းရင်ကျဘယ်သူ့ခေါင်းလဲ
သေလောက်အောင်ငါ နာကျင်နေလည်း
ဘယ်သူဂရုစိုက်မလဲဘယ်သူ့အကြောင်းလဲ
ငါ့အသံကြားဖို့မသေချာတဲ့ဘုရားသခင်ဆီကိုငါ
ဆုတောင်းဆဲ

ဟိုမှာကြည့်လိုက်စမ်း
ပျော်နေတဲ့လူငယ်တွေ
မင်းရောလူငယ်ပဲမဟုတ်လား
ဘာလို့မင်းကျတော့မပျော်တာလဲ
သူတို့အပြင်တွေသွားတဲ့အခါ
ဘာလို့မင်းကိုလာမခေါ်တာလဲ
Group photo တွေတင်ကြတိုင်း
ဘာလို့မင်းပုံကျမပေါ်တာလဲ
နောက်ဘဝဆိုတာရှိခဲ့
အသက်တိုဆုံးသတ္တဝါဖြစ်ချင်လျက်
ဘယ်လောက်ပဲကောင်းအောင်ကြိုးစားပါစေ
လူတွေကဝိုင်းပြီးအပြစ်တင်လျက်မို့
မင်းအရှုံးပေးဖို့ကြိုးစားလဲ
ငါကတော့မင်းကိုအပြစ်မတင်ရက်ပါဘူး

[Chorus]

ကျွန်ုပ်ဝိဥာဉ်ကိုလုံခြုံစွာနဲ့
သိမ်းဆည်းပေးပါဘုရားသခင်
ရှင်သန်နေတုန်းပူလောင်ပြီးပြီ
သေရင်ငရဲကိုမသွားချင်
တနင်္ဂနွေနေ့ရောက်တိုင်းသူမနဲ့
ဘုရားသွားကျောင်းတက်
ဇာတ်သိမ်းပိုင်းအဆုံးသတ်ကျ
နှစ်ပါးသွားပေါင်းဖက်မယ်ဆိုတဲ့
စိတ်ကူးလေးလည်းလက်တွေ့တော့ဖြစ်မလာဘူး
သူမကျနော့်ကိုချစ်သလိုမျိုး
ကျနော်ကသူ့ကိုမချစ်ပါဘူး
ဆိုပြီးချွဲတဲ့ကောင်မလေးလည်း
အခုဆိုကျနော့်ကိုမုန်းလောက်ပြီ
တစ်ခြားသူတစ်ယောက်ရဲ့ရင်ခွင်ကိုသူ
ခေါင်းအုံးလုပ်လို့အုံးလောက်ပြီ

[Verse 2 ]
အသက်တွေပိုပြီးကြီးလာရင်
ဒီထက်ပိုပြီးတော့ပင်ပန်းအုံးမယ်
လူ့လောကဟာစိတ်ပျက်စရာပါ
ငါ့အဖေအပြင်မှာပြီးခဲ့သင့်
မိသားစုနဲ့မင်းကလွဲရင်
တစ်လောကလုံးကိုလီးပဲထင်တယ်
အားလုံးရဲ့အဝေးထွက်ပြေးကြမလား
ဟောဒီသီချင်းလေးပြီးခဲ့ရင်
အဲ့လိုဖြစ်လာဖို့
မျက်စိမှိတ်တောင်းဆုပြု
ဘုရားသခင်လည်း မကြားဘူးထင်ပါတယ်
အခုထိတော့ဘာမှအကြောင်းမထူးဘူး
မဖြစ်နိုင်တာကို
စိတ်ကူးမယဉ်တာပဲကောင်းပါတယ်
အိပ်နေရင်းနဲ့ငြင်ငြင်သာသာ
အသက်ထွက်သွားရင်ကောင်းမှာပဲ။


[Interlude]
Mumbling



[Chorus]

ကျွန်ုပ်ဝိဥာဉ်ကိုလုံခြုံစွာနဲ့
သိမ်းဆည်းပေးပါဘုရားသခင်
ရှင်သန်နေတုန်းပူလောင်ပြီးပြီ
သေရင်ငရဲကိုမသွားချင်
တနင်္ဂနွေနေ့ရောက်တိုင်းသူမနဲ့
ဘုရားသွားကျောင်းတက်
ဇာတ်သိမ်းပိုင်းအဆုံးသတ်ကျ
နှစ်ပါးသွားပေါင်းဖက်မယ်ဆိုတဲ့
စိတ်ကူးလေးလည်းလက်တွေ့တော့ဖြစ်မလာဘူး
သူမကျနော့်ကိုချစ်သလိုမျိုး
ကျနော်ကသူ့ကိုမချစ်ပါဘူး
ဆိုပြီးချွဲတဲ့ကောင်မလေးလည်း
အခုဆိုကျနော့်ကိုမုန်းလောက်ပြီ
တစ်ခြားသူတစ်ယောက်ရဲ့ရင်ခွင်ကိုသူ
ခေါင်းအုံးလုပ်လို့အုံးလောက်ပြီ