ကစဉ့်ကလျားသီအိုရီ (Kasint Kalia Theory)
ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ
လိပ်ပြာလေး အတောင်တစ်ချက်ခတ်ခြင်းက
အစပြုသတဲ့ လေပွေ မုန်တိုင်းများ
ဒီကမ္ဘာ တစ်ဖက်ခြမ်းမှာ
ကစဉ့်ကလျားနဲ့ ဖြစ်လာ
မျက်ဝန်းနက် မိန်းကလေးရယ်
မင်းနဲ့ အကြည့် တစ်ချက်ဆုံခြင်းက
အစပြုလို့ ဒီလူဘဝကြီးက
အရည်တွေ ပျော်လို့သွား
ကစဉ့်ကလျားနဲ့ အချစ်မှာ
ရီဝေမူးရစ်မျောပါခဲ့
အရှိန်အဟုန်ပြင်းတဲ့ ဝဲဂယက်ထဲ
ဧဒင်ဥယျာဉ်ကြီးထဲမှာ
ရောင်စုံ ဝိုးတဝါး အသိတွေနဲ့
အာရုံ ကပ်ငြိ လိုက်ပါဆဲ
ဧဒင် ဥယျာဉ်ကြီး ဆီမှာ
ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ
လိပ်ပြာလေး အတောင် တစ်ချက်ခတ်ခြင်းက
အစပြုသတဲ့ လေပွေ မုန်တိုင်းများ
ဒီ ကမ္ဘာ တစ်ဖက်ခြမ်းမှာ
ကစဉ့်ကလျားနဲ့ ဖြစ်လာ
ရီဝေမူးရစ်မျောပါခဲ့
အရှိန်အဟုန်ပြင်းတဲ့ ဝဲဂယက်ထဲ
ဧဒင်ဥယျာဉ် ကြီးထဲမှာ
ရောင်စုံ ဝိုးတဝါး အသိတွေနဲ့
အာရုံ ကပ်ငြိ လိုက်ပါဆဲ
ဧဒင် ဥယျာဉ်ကြီး ဆီမှာ
လိပ်ပြာလေး အတောင်တစ်ချက်ခတ်ခြင်းက
အစပြုသတဲ့ လေပွေ မုန်တိုင်းများ
ဒီကမ္ဘာ တစ်ဖက်ခြမ်းမှာ
ကစဉ့်ကလျားနဲ့ ဖြစ်လာ
မျက်ဝန်းနက် မိန်းကလေးရယ်
မင်းနဲ့ အကြည့် တစ်ချက်ဆုံခြင်းက
အစပြုလို့ ဒီလူဘဝကြီးက
အရည်တွေ ပျော်လို့သွား
ကစဉ့်ကလျားနဲ့ အချစ်မှာ
ရီဝေမူးရစ်မျောပါခဲ့
အရှိန်အဟုန်ပြင်းတဲ့ ဝဲဂယက်ထဲ
ဧဒင်ဥယျာဉ်ကြီးထဲမှာ
ရောင်စုံ ဝိုးတဝါး အသိတွေနဲ့
အာရုံ ကပ်ငြိ လိုက်ပါဆဲ
ဧဒင် ဥယျာဉ်ကြီး ဆီမှာ
ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ
လိပ်ပြာလေး အတောင် တစ်ချက်ခတ်ခြင်းက
အစပြုသတဲ့ လေပွေ မုန်တိုင်းများ
ဒီ ကမ္ဘာ တစ်ဖက်ခြမ်းမှာ
ကစဉ့်ကလျားနဲ့ ဖြစ်လာ
ရီဝေမူးရစ်မျောပါခဲ့
အရှိန်အဟုန်ပြင်းတဲ့ ဝဲဂယက်ထဲ
ဧဒင်ဥယျာဉ် ကြီးထဲမှာ
ရောင်စုံ ဝိုးတဝါး အသိတွေနဲ့
အာရုံ ကပ်ငြိ လိုက်ပါဆဲ
ဧဒင် ဥယျာဉ်ကြီး ဆီမှာ