🔥 Earn $600 – $2700+ Monthly with Private IPTV Access! 🔥

Our affiliates are making steady income every month:
IptvUSA – $2,619 • PPVKing – $1,940 • MonkeyTV – $1,325 • JackTV – $870 • Aaron5 – $618

💵 30% Commission + 5% Recurring Revenue on every referral!

👉 Join the Affiliate Program Now
လေးဖြူ (Lay Phyu)
ငြီးငွေ့ခြင်းနေ့စွဲများ (Ngi Nguig Chin Nih Suai Mia)

အိပ်မက်ဟောင်းကနိုးလာ
မသစ်တဲ့မနက်တစ်ခုအောက်
ဆိုက်ရောက်ခဲ့တဲ့အလင်းရောင် သုံးမရဘူး
အရိုးစွဲလောက်တဲ့သီချင်းတွေ
မရှိတဲ့နှလုံးသားအောက်
လွမ်းမောတတ်ဖို့ နားတစ်စုံမလိုအပ်ဘူး
ငါငြီးငွေ့ရင်း

ဘာ့ကြောင့်ဆက်အသက်ရှင်မယ်
ဟောင်းတဲ့မေးခွန်းအောက်
စဉ်းစားတတ်ဖို့ အတွေးတွေမလိုအပ်ဘူး
ခဏခဏထိရှဖူးတဲ့ မပြောင်းလဲအမုန်းများအောက်
ခွင့်လွှတ်တတ်ဖို့ တရားတွေမလိုအပ်ဘူး

ဒီအချိန်ငါ ရွံရှာနေတာ
ဒီအချိန်ငါ ဖယ်ခွာချင်တာ

နောက်ထပ်ရောက်လာမယ့်
မနေ့ကလိုနောက်တစ်ရက်ကိုပဲ
ဟောင်းနွမ်းလို့နေတဲ့
မနေ့ကလိုနောက်ထပ်မနက်ဖြန်ရယ်
ခြောက်ကပ်လို့နေတဲ့
မနေ့ကလိုနောက်တစ်ရက်ပါပဲ
လမ်းစပျောက်နေတဲ့ မနေ့ကလိုနောက်ဘဝထဲ
မနေတတ်ဘူး ရုန်းထွက်ခွင့်ပြုပါ
သံသရာထဲက နှုတ်ဆက်ခွင့်ပြုပါ
ငါဆုတောင်းနေမယ်
အိပ်မက်ဟောင်းကနိုးလာ
မသစ်တဲ့မနက်တစ်ခုအောက်
စဉ်းစားတတ်ဖို့ အတွေးတွေမလိုအပ်ဘူး
ခဏခဏထိရှဖူးတဲ့ ငါ့ရဲ့နှလုံးသားအောက်
ခွင့်လွှတ်တတ်ဖို့ တရားတွေမလိုအပ်ဘူး
ငါငြီးငွေ့ရင်း

နောက်ထပ်ရောက်လာမယ့်
မနေ့ကလိုနောက်တစ်ရက်ကိုပဲ
ဟောင်းနွမ်းလို့နေတဲ့
မနေ့ကလိုနောက်ထပ်မနက်ဖြန်ရယ်
ခြောက်ကပ်လို့နေတဲ့
မနေ့ကလိုနောက်တစ်ရက်ပါပဲ
လမ်းစပျောက်နေတဲ့ မနေ့ကလိုနောက်ဘဝထဲ
မနေတတ်ဘူး ရုန်းထွက်ခွင့်ပြုပါ
သံသရာထဲက နှုတ်ဆက်ခွင့်ပြုပါ

ဟူး..နောက်ထပ်ရောက်လာမယ့်
မနေ့ကလိုနောက်တစ်ရက်ကိုပဲ
ဟောင်းနွမ်းလို့နေတဲ့
မနေ့ကလိုနောက်ထပ်မနက်ဖြန်ရယ်
ခြောက်ကပ်လို့နေတဲ့
မနေ့ကလိုနောက်တစ်ရက်ပါပဲ
လမ်းစပျောက်နေတဲ့ မနေ့ကလိုနောက်ဘဝထဲ
မနေတတ်ဘူး ရုန်းထွက်ခွင့်ပြုပါ
ဒီစက်ဝိုင်းက လွတ်မြောက်သွားဖို့
သံသရာထဲက နှုတ်ဆက်ခွင့်ပြုပါ
ငါဆုတောင်းနေတယ်