🔥 Earn $600 – $2700+ Monthly with Private IPTV Access! 🔥

Our affiliates are making steady income every month:
IptvUSA – $2,619 • PPVKing – $1,940 • MonkeyTV – $1,325 • JackTV – $870 • Aaron5 – $618

💵 30% Commission + 5% Recurring Revenue on every referral!

👉 Join the Affiliate Program Now
လေးဖြူ (Lay Phyu)
အချစ်အကြောင်း (Achit Ajaung)

ကက်ဆက်ဖွင့်တော့လည်း
အချစ်အကြောင်း ဝတ္ထုမဖတ်လိုက်နဲ့
ရုပ်ရှင်သွားကြည့်တော့လည်း
ဒီအချစ်အကြောင်း မဂ္ဂဇင်းမဖတ်လိုက်နဲ့
နည်းနည်းလျှော့ပါ ခင်ဗျားတို့အချစ်အကြောင်း

ကလေးဘဝတည်းကလည်း
အချစ်အကြောင်း အဘိုးကြီးဖြစ်တဲ့အထိ
မိုးလင်းကတည်းကလည်း
ဒီအချစ်အကြောင်း မိုးချုပ်ညနက်အထိ
ပျင်းဖို့ကောင်းတယ် ခင်ဗျားတို့အချစ်အကြောင်း

ခုချိန်ထိ ချစ်ရမှာလား
ရှက်စရာကောင်းတယ်
စိတ်ကူးယဉ်တဲ့အရွယ်
မဟုတ်တော့လည်း
စိတ်ပျက်တယ်

အချစ်အကြောင်းရေးထားတဲ့ ဝတ္ထုလည်း
ဖတ်လို့မရတော့ဘူး
အချစ်အကြောင်းပြောကြတဲ့ ရုပ်ရှင်တွေ
လုံးဝမကြည့်တော့ဘူး
အချစ်အကြောင်းရေးကြတဲ့ သီချင်းများလည်း
လုံးဝနားမထောင်ဘူး
အချစ်အကြောင်းပြောကြတဲ့ စကားများလည်း
လုံးဝမကြားချင်ဘူး
ငါမတွေးချင်ဘူး အချစ်အကြောင်း
ငါမပြောတော့ဘူး အချစ်အကြောင်း
ငါမသိချင်ဘူး အချစ်အကြောင်း
လာမမေးပါနဲ့ အချစ်အကြောင်း

ကက်ဆက်ထဲကလည်း
ဝတ္ထုတိုင်းကလည်း
အားလုံးပြောကြတဲ့
ဒီအချစ်အကြောင်း
ရုပ်ရှင်သွားကြည့်တော့လည်း
ကလေးဘဝတည်းကလည်း
ဒီအချစ်အကြောင်း
အဘိုးကြီးဖြစ်တဲ့အထိ

ခုချိန်ထိ ချစ်ရမှာလား
ရှက်စရာကောင်းတယ်
စိတ်ကူးယဉ်တဲ့အရွယ်
မဟုတ်တော့လည်း
စိတ်ပျက်တယ်

အချစ်အကြောင်းရေးထားတဲ့ ဝတ္ထုလည်း
ဖတ်လို့မရတော့ဘူး
အချစ်အကြောင်းပြောကြတဲ့ ရုပ်ရှင်တွေ
လုံးဝမကြည့်တော့ဘူး
အချစ်အကြောင်းရေးကြတဲ့ သီချင်းများလည်း
လုံးဝနားမထောင်ဘူး
အချစ်အကြောင်းပြောကြတဲ့ စကားများလည်း
လုံးဝမကြားချင်ဘူး
အချစ်အကြောင်းရေးထားတဲ့ ဝတ္ထုလည်း
ဖတ်လို့မရတော့ဘူး
အချစ်အကြောင်းပြောကြတဲ့ ရုပ်ရှင်တွေ
လုံးဝမကြည့်တော့ဘူး ဟေ့
အချစ်အကြောင်းရေးကြတဲ့ သီချင်းများလည်း
လုံးဝနားမထောင်ဘူး
အချစ်အကြောင်းပြောကြတဲ့ စကားများလည်း
လုံးဝမကြားချင်ဘူး ဟေ့