🔥 Earn $600 – $2700+ Monthly with Private IPTV Access! 🔥

Our affiliates are making steady income every month:
IptvUSA – $2,619 • PPVKing – $1,940 • MonkeyTV – $1,325 • JackTV – $870 • Aaron5 – $618

💵 30% Commission + 5% Recurring Revenue on every referral!

👉 Join the Affiliate Program Now
လေးဖြူ (Lay Phyu)
ငါ့ရဲ့လမင်း (Ngah Yeh Lah Minn)

အရှုံးတွေထဲငါ လဲပြိုရင်း
အတိတ်တို့ထဲငါ ပျောက်ဆုံးချိန်
မြင်နိုင်တယ်
ငါ့အနာဂတ်တို့ မှေးမှိန်
ငါဟာ ကျဆုံးချိန်

ငါ့ရဲ့နံဘေးကို မင်းဝင်လာပြီး
လဲပြိုကျသူ ငါ့ကိုထူပြီး
အဆီအငေါ် မတည့်တဲ့ ငါ့ရဲ့စကားတွေ
နင်ဟာ ခွင့်လွှတ် သည်းခံရင်း

တန်ဖိုးများ မရှိတော့ဘူးလို့
ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ တစ်ခါ ပြန်လည်ကာ
အသက်ဝင် တောက်ပ
ဝိုး - ဝူ - ဝိုး
နင်ဟာအရှုံးတွေထဲမှာ
မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းကို
ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း
နင်ဟာ ငါ့အတွက်တော့
နင်ဟာ ငါ့အတွက်တော့
ငွေလမင်း

ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ
နင်ဖန်ဆင်းတဲ့ ငါ့ဘဝမှာ
အားငယ်စိတ်တွေ မရှိဘူး
ဘဝရဲ့ ပန်းတိုင် ငါတွေ့ပြီ
နင်ဟာ လမ်းပြကြယ်
နင်ဟာ ငါ့ရဲ့နတ်သမီး

တန်ဖိုးများ မရှိတော့ဘူးလို့
ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ တစ်ခါ ပြန်လည်ကာ
အသက်ဝင် တောက်ပ
ဝိုး - ဝူ - ဝိုး
နင်ဟာအရှုံးတွေထဲမှာ
မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းကို
ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း
နင်ဟာ ငါ့အတွက်တော့
နင်ဟာ ငါ့အတွက်တော့
ငွေလမင်း

ရေ့ - ဟေ - ဟေ
တန်ဖိုးများ မရှိတော့ဘူးလို့
ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ တစ်ခါပြန်လည်ကာ
အသက်ဝင် တောက်ပ
ဝိုး - ဝူ - ဝိုး - အိုး
နင်ဟာအရှုံးတွေထဲမှာ
မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းကို
ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း
နင်ဟာ ငါ့အတွက်တော့
နင်ဟာ ငါ့အတွက်တော့
ငွေလမင်း