🔥 Earn $600 – $2700+ Monthly with Private IPTV Access! 🔥

Our affiliates are making steady income every month:
IptvUSA – $2,619 • PPVKing – $1,940 • MonkeyTV – $1,325 • JackTV – $870 • Aaron5 – $618

💵 30% Commission + 5% Recurring Revenue on every referral!

👉 Join the Affiliate Program Now
လေးဖြူ (Lay Phyu)
နှလုံးသွေးများ ရပ်တန့်သွားပါစေ (Hnalone thway myah yattant thwar pazay)

ကိုယ့်ရင်ထဲတိုးဝင်နားထောင်ကြည့်စမ်း

ရင်ခုန်သံသဲ့သဲ့လေးကြားနေမယ်
နာရီစက္ကန့် တစ်ချက်ခုန်ရင်အသည်းတွေတုန်
ကိုယ်ခံစားနေတာအချစ်ရယ်ကြားရဲ့လား
ကိုယ့်နှလုံးသားဟာ
မင်းတစ်ယောက်တည်းအတွက်ပဲ
ဒါကိုမင်းလေးအသိ
အချစ်ရေယုံကြည်ထားလိုက်
မုန်းသွားဖို့ကိုယ့်ရဲ့စိတ်မှာမတွေး

အိုး ရင်ခွင်မှာခိုနားလှည့်တော့အချစ်ရယ်
ကိုယ့်အသက်လိုပဲ
စောင့်ရှောက်ကာချစ်နေမယ်
ကြင်နာမယ်သံယောဇဉ်
ချည်နှောင်တဲ့ကြိုးလေးပြတ်လို့မသွားအောင်
အကြင်နာချစ်ရယ် ကိုယ့်ရင်ခွင်
အပြင်ဘက် ထွက်မပြေးနဲ့

အချစ်ဆုံးရယ်ခေါင်းကလေးမော့

ရင်ခွင်မှာငုံ့မထားနဲ့
မြင်ချင်နေတယ်မင်းအပြုံးတွေကို
နေခြည်ထွေးမှာ ပွင့်နေတဲ့ပန်းတွေလို
ဝေဆာမွှေး စိုပြည်ရနံ့တွေ လန်းဆန်းတဲ့
နင့်ပါးလေးကို မွှေးလိုက်ချင်တယ်
အချစ်ရယ် မနမ်းရက်လွန်းလို့ ရင်ထဲ
ပြန်ငုံ့ထားတော့
နှလုံးသွေးများလည်း
ရပ်တန့်သွားပါစေ ချစ်မယ်
အိုး ကိုယ်လိုချင်တာအနမ်းလည်းမဟုတ်ပါ
အချစ်ရင်ထဲကအေးမြတဲ့မေတ္တာပေးပါ
ရှင်သန်နေမယ်ဒီအချစ်တွေ
ရင်ဆိုင်မယ်အားလုံးထက်ကြောချစ်မယ်
ကိုယ်ရင်ထဲမှာအချစ်တွေတကယ်
တသက်လုံးသိမ်းထားမယ်

အချစ်ရယ် သိပ်ချစ်တယ်ယုံလိုက်စမ်း
ရင်ထဲမှာ သိမ်းထားတဲ့အချစ်တွေ
မင်းအတွက်ပဲ
တသက်လုံးကြင်နာသွားမယ်
နှလုံးသွေးများလည်းရပ်တန့်သွားပါစေချစ်မယ်
အိုး မုန်းသွားဖို့လုံးဝမတွေးထားခဲ့ဘူး

ရင်ခွင်မှာခိုနားလှည့်တော့အချစ်ရယ်

ကိုယ့်အသက်လိုပဲ
တကယ် ချစ်နေမယ်
ကြင်နာမယ်သံယောဇဉ်
ချည်နှောင်တဲ့ကြိုးလေးပြတ်လို့မသွားအောင်
အကြင်နာချစ်ရယ် ကိုယ့်ရင်ခွင်
အပြင်ဘက် ထွက်မပြေးနဲ့

ရင်ခွင်မှာခိုနားလှည့်တော့အချစ်ရယ်

ကိုယ့်အသက်လိုပဲ
စောင့်ရှောက်ကာချစ်နေမယ်
ကြင်နာမယ်သံယောဇဉ်
ချည်နှောင်တဲ့ကြိုးလေးပြတ်လို့မသွားအောင်
အကြင်နာချစ်ရယ် ကိုယ့်ရင် ဟိုး
အပြင်ကို ထွက်မပြေးနဲ့