Uncle suns
LoveYe(Violet)
[Intro: Haka Yamakasi & Unknown female vocals]

(Music)
အဲ့လယ်၊မုန့်စိန်လား


[Chorus: ဗီဗာဟိန်း]
ငွေသော်တာရယ်ထိန်ထိန်သာ၊
တိမ်စင်ပြာပြာမိုးသားထက်မှာ၊
လင်းကာပြိုးပြက်ပြက်ရှိန်ဝါ၊
ပျော်စရာကွယ်ဒီအချိန်တိုင်း၊
မောင်ရယ်အတူတူနေချင်တယ်၊
ငွေသောင်ခုံပေါ်လမ်းလျောက်လို့ရယ်၊
စကားတွေတစ်တွတ်တွတ်ပြောချင်တယ်၊
နှစ်ဦးသားအချစ်တွေဖလယ်။
(အဲ့လယ်၊မုန့်စိန်လား)

[Refrain: Ponderosa Twins Plus One]

Bound to falling in love
Bound to falling in love

[Verse 1 : Uncle suns]

တောင်ပြာတန်းတွေရှိမယ်၊နေကြာပန်းတွေရှိမယ်
ရွံစရာလူတွေမရှိတဲ့ကမ္ဘာမှာ အချစ်ရယ်မင်းနဲ့ကိုယ်ပဲရှိမယ်
အာကာပြင်ကမြေဆီလွှာမှာကြယ်ပန်း​လေးတွေအမြစ်တွယ်
မင်းကကိုယ့်အပိုင်ဆိုတာဒီမအေဘေးတွေသိအောင်ပြောလိုက်စမ်းပါအချစ်ရယ်
မင်းကကိုယ့်ရဲ့ အကျဥ်းထောင်
မင်းကကိုယ့်ရဲ့လွတ်မြောက်ခြင်း
မင်းကကိုယ့်ရဲ့အမှောင်ထုနဲ့
မင်းကကိုယ့်ရဲ့အလင်းရောင်

လောကကြီးကိုအရောင်အသွေးစုံတဲ့ဥယျာဥ်တစ်ခုအဖြစ်ပြောင်းချင်ယုံပါ
မင်းရဲ့အနားမှာရှိနေရရင်နေရာတိုင်းကကောင်းကင်ဘုံ

ဝိုင်းထိုးနေတဲ့လက်ညိုးတွေကိုပြန်လက်ခလယ်ထောင်ရယ်ပြမယ်
သိပ်ပြီးချစ်ရပါတဲ့အမျိုးသမီးလေးကတစ်လောကလုံးနဲ့ညီမျှတယ်

(Bound to falling in love)Bound

ငါ့နှာဖူးပေါ်ကိုလက်ကိုတင် မျက်ဝန်းအစုံကိုမှိတ်ပြီးပေါ့
ကိုယ့်ရဲ့အဆိုးဆုံးအချိန်တိုင်းအနားရှိခဲ့တဲ့မင်းအကြောင်းတွေးမိတိုင်းတိုင်းကျိတ်ပြီးပျော်
ငါ့ဘဝတစ်ခုလုံးပျက်သုန်းသွားလည်းမင်းရှိသေးရင်လုံလောက်တယ်
မင်းရဲ့အပြုံးတစ်ပွင့်တိုင်းမှာမြောက်ကို
ရီးယားက Nuclear boomတွေအကုန်ပေါက်တယ်

Hahahaha ကိုယ်ဟာတကယ်ကိုရူးပါတယ်
ဘုရားသခင်ဆီကိုဆုတွေတောင်းဖူးတယ်
တစ်နေ့ကျရင်အကြောင်းထူးလာမယ်
အိပ်မက်တွေလက်တွေ့ဖြစ်ဖို့ကိုယ်တို့အသက်အရွယ်ငယ်သေးတယ်
ကိုယ့်မှာသာပိုက်ဆံတွေအများကြီးရှိတဲ့အခါကျရင်
မင်းလိုချင်ခဲ့ ဖူးတဲ့အရာတိုင်းကိုငါကုန်တိုက်တစ်ခုစာဝယ်ပေးမယ်-ယ်ယ်ယ်ယ်ယ်
Hahahaha မြေလျှိုးပြီးတော့မိုးပျံမယ်
မိန်းမကောင်းလေးတစ်ယောက်က အနန္တ စကြာဝဠာ ထက်အဖိုးတန်တယ်
မျက်လုံးလေးကိုမှိတ်ပြီးကမ္ဘာကြီးကိုအရောင်တွေချယ်ကြမယ်
ကိုယ်တို့နှစ်ယောက်ကိုဝေးစေချင်တဲ့
လူတွေကသိပ်ပြီးရယ်ရတယ်

[Chorus: ဗီဗာဟိန်း]

(အဲ့လယ်၊မုန့်စိန်လား)

ငွေသော်တာရယ်ထိန်ထိန်သာ၊
တိမ်စင်ပြာပြာမိုးသားထက်မှာ၊
လင်းကာပြိုးပြက်ပြက်ရှိန်ဝါ၊
ပျော်စရာကွယ်ဒီအချိန်တိုင်း၊
မောင်ရယ်အတူတူနေချင်တယ်၊
ငွေသောင်ခုံပေါ်လမ်းလျောက်လို့ရယ်၊
စကားတွေတစ်တွတ်တွတ်ပြောချင်တယ်၊
နှစ်ဦးသားအချစ်တွေဖလယ်။
(အဲ့လယ်၊မုန့်စိန်လား)